Quran with Burmese translation - Surah Al-Jinn ayat 8 - الجِن - Page - Juz 29
﴿وَأَنَّا لَمَسۡنَا ٱلسَّمَآءَ فَوَجَدۡنَٰهَا مُلِئَتۡ حَرَسٗا شَدِيدٗا وَشُهُبٗا ﴾
[الجِن: 8]
﴿وأنا لمسنا السماء فوجدناها ملئت حرسا شديدا وشهبا﴾ [الجِن: 8]
Ba Sein ၈။ ထို့အပြင် ကုရ်အာန်ကျမ်းမြတ်ကို ကြားနာဖူးသော နတ်သားတို့ပြောဆိုကြသည်မှာ ငါတို့သည် အထက်ကောင်း ကင်ဘုံကို ရှာကြ၏၊ သို့သော်ထိုကောင်းကင်ကို ခက်ထန်ကြမ်းကြုတ်သောအစောင့်အရှောက်နှင့်တကွ ရဲရဲညီး သော မီးလက်နက်ဥက္ကာတို့ဖြင့် ပြည့်နှက်နေသည်ကို ငါတို့တွေ့မြင်ခဲ့ရ၏။ |
Ghazi Mohammad Hashim ထို့ပြင် ဧကန်စင်စစ် ကျွန်ုပ်တို့သည် မိုးကောင်းကင်ကို စူးစမ်းခဲ့ကြရာ ယင်းမိုးကောင်းကင်ကို ကျွန်ုပ်တို့သည် သန်စွမ်းသော အစောင့်အကြပ်တို့ဖြင့်လည်းကောင်း၊ မီးကျီမီးခဲတို့ဖြင့် ပြည့်နှက်စွာ တွေ့ရှိ ခဲ့ကြရကုန်၏။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် မိုးကောင်းကင်ကို စူးစမ်းခဲ့ကြသည့်အခါ ထိုမိုးကောင်းကင်ကို ပြင်းထန်သော အစောင့်အကြပ်များနှင့်တကွ မီးတောက်မီးလျှံများနှင့် လည်းပြည့်နှက်နေသည်ကို ကျွုန်ုပ်တို့တွေ့ခဲ့ကြရသည်။ |