Quran with Burmese translation - Surah Al-Anfal ayat 57 - الأنفَال - Page - Juz 10
﴿فَإِمَّا تَثۡقَفَنَّهُمۡ فِي ٱلۡحَرۡبِ فَشَرِّدۡ بِهِم مَّنۡ خَلۡفَهُمۡ لَعَلَّهُمۡ يَذَّكَّرُونَ ﴾
[الأنفَال: 57]
﴿فإما تثقفنهم في الحرب فشرد بهم من خلفهم لعلهم يذكرون﴾ [الأنفَال: 57]
Ba Sein ၅၇။ အကယ်၍ သင်သည် သူတို့နှင့်စစ်ဖြစ်လျှင် သူတို့နောက်ကွယ်တွင်ရှိသူများ ကြောက်လန့် တုန်လှုပ် အောင် သူတို့ကို တိုက်ခိုက်လော့။ သူတို့သည် သတိတရား ရကောင်းရလိမ့်မည်။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အသင်သည် အကယ်၍ ၎င်းတို့အား စစ်ပွဲတွင် (လက်ရ)ဖမ်းမိသည်ရှိသော်၊ အသင်သည် ၎င်းတို့အားဖြင့် ၎င်းတို့အပြင်၌ ရှိကြကုန် သော(ရန်)သူတို့အားဖရိုဖရဲ ကစဉ့်ကလျား ဖြစ်အောင်ပြုလေလော့၊ သို့မှသာလျှင် ၎င်းသူတို့သည် သတိရကြလတ္တံ့။ (တစ်နည်း) နောင်ကြဉ်ကြလတ္တံ့။ |
Hashim Tin Myint သို့ဖြစ်ရာ အကယ်၍ အသင်သည် သူတို့အား စစ်ပွဲတွင် အမှန်ပင်ဖမ်းမိလျှင်၊ အသင်သည် သူတို့နှင့် သူတို့နောက်၌ရှိသော(ရန်)သူများကို သူတို့ သတိတရားရကြပြီး (ကတိချိုးဖောက်မှုကို ရှောင်)ရန်အတွက် (ထိုဖမ်းမိထားသောသူများအား ဖရိုဖရဲဖြစ်အောင်)မောင်းထုတ်လိုက်ပါ။ |