Quran with Burmese translation - Surah Al-Anfal ayat 58 - الأنفَال - Page - Juz 10
﴿وَإِمَّا تَخَافَنَّ مِن قَوۡمٍ خِيَانَةٗ فَٱنۢبِذۡ إِلَيۡهِمۡ عَلَىٰ سَوَآءٍۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡخَآئِنِينَ ﴾
[الأنفَال: 58]
﴿وإما تخافن من قوم خيانة فانبذ إليهم على سواء إن الله لا﴾ [الأنفَال: 58]
Ba Sein ၅၈။ အကယ်၍ သင်သည် သူတို့ထံမှ သစ္စာဖောက်မှုကို စိုးရိမ်လျှင် သူတို့နှင့် ချုပ်ဆိုထားသော ပဋိညာဉ် စာချုပ်ကို တရားမျှတစွာ ပြန်ဖျက်လော့။ မှတ်သားကြလော့။ အလ္လာဟ်.အသျှင်မြတ်သည် သစ္စာဖောက်သူတို့ကို နှစ်သက်တော်မမူပေ။ |
Ghazi Mohammad Hashim ၎င်းပြင် အကယ်၍ အသင်သည် လူမျိုးတစ်မျိုးထံမှ ကတိသစ္စာဖောက်ဖျက်မည်ကို စိုးရိမ်မကင်းဖြစ်ပါမူ၊အသင်သည် (၎င်းတို့နှင့်ဖွဲ့ဆိုထားသည့် ပဋိညာဉ်စာချုပ်ကို၎င်းတို့ထံပြန်လည်၍အပ်ပါလေ။ (ပဋိညာဉ်စာချုပ် ရုပ်သိမ်းပြီးဖြစ်ကြောင်းကို သိရှိရာတွင် အသင်နှင့်၎င်းတို့သည်) တန်းတူဖြစ်ရှိသွားမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်ဖျက်သူတို့အား (လုံးဝ) နှစ်သက်တော်မူသည် မဟုတ်ချေ။(ရကူ) |