Quran with Burmese translation - Surah At-Taubah ayat 125 - التوبَة - Page - Juz 11
﴿وَأَمَّا ٱلَّذِينَ فِي قُلُوبِهِم مَّرَضٞ فَزَادَتۡهُمۡ رِجۡسًا إِلَىٰ رِجۡسِهِمۡ وَمَاتُواْ وَهُمۡ كَٰفِرُونَ ﴾
[التوبَة: 125]
﴿وأما الذين في قلوبهم مرض فزادتهم رجسا إلى رجسهم وماتوا وهم كافرون﴾ [التوبَة: 125]
Ba Sein ၁၂၅။ သို့သော်မိမိတို့စိတ်နှလုံး၌ မိစ္ဆာအယူရောဂါစွဲကပ်သူများမှာမူကား ထိုစူရာဟ်တော်သည် သုတို့မိုက်မဲမှုကို တစ်မှုပြီးတစ်မှုပေါ်ပေါက်တိုးပွားစေ၏။သူတို့သည် မိစ္ဆာဒိဋ္ဌိဘဝ၌ပင် အသက်ကုန်ဆုံးကြ၏။ |
Ghazi Mohammad Hashim သို့ရာတွင် စိတ်နှလုံးများတွင် ရောဂါရှိသော သူတို့မှာကား ထိုစူရဟ်ကဏ္ဍသည် ၎င်းတို့၏ အညစ်အကြေးတွင်အညစ်အကြေးတခုခုကို(ထပ်လောင်း၍)တိုးစေခဲ့သည်။ ထို့ပြင်၎င်းတို့သည် ကာဖိရ်မယုံကြည်သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးခဲ့ကြရလေသည်။ |
Hashim Tin Myint ထို့ပြင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးများ၌ ရောဂါရှိသူများကမူ ထိုစူရဟ်ကဏ္ဍသည် သူတို့၏ အညစ်အကြေးထဲသို့ အညစ်အကြေးတစ်ခု ထပ်တိုးစေခဲ့သည်။ သူတို့သည် ကာဖိရ်ငြင်းပယ်သူများဖြစ်လျက် သေဆုံးခဲ့ကြရသည်။ |