Quran with Burmese translation - Surah At-Taubah ayat 62 - التوبَة - Page - Juz 10
﴿يَحۡلِفُونَ بِٱللَّهِ لَكُمۡ لِيُرۡضُوكُمۡ وَٱللَّهُ وَرَسُولُهُۥٓ أَحَقُّ أَن يُرۡضُوهُ إِن كَانُواْ مُؤۡمِنِينَ ﴾
[التوبَة: 62]
﴿يحلفون بالله لكم ليرضوكم والله ورسوله أحق أن يرضوه إن كانوا مؤمنين﴾ [التوبَة: 62]
Ba Sein ၆၂။ သူတို့သည် သင်မွတ်စလင်(မ်)တို့အား နှစ်သိမ့်စေခြင်းငှာ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုကြ၏။သို့သော်သူတို့သည် ယုံကြည်သူမျာဖြစ်ကြလျှင် အရှင်မြတ်နှင့် တမန်တော်အား နှစ်သိမ့်စေခြင်းသည် သူတို့ အတွက် ပိုမိုမှန်ကန်မှုဖြစ်၏။ |
Ghazi Mohammad Hashim ထိုသူတို့သည် အသင်တို့အား နှစ်သိမ့်ကျေနပ်စေအံ့သောငှာ အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ ကျိန်ဆိုကြလေသည်။ စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ ထိုသူတို့၏ ကျေနပ်စေခြင်းကိုပိုမို၍ပင် ခံထိုက်တော်မူပါပေ၏။ |
Hashim Tin Myint အကယ်၍ သူတို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်သည် သူတို့၏ ကျေနပ်အောင်လုပ်သည်ကို ပို၍ပင် ခံထိုက်တော်မူပါလျက် သူတို့သည် အသင်တို့ကိုသာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပြီး ကျိန်ဆိုကြသည်။ |