Quran with Burmese translation - Surah Yusuf ayat 83 - يُوسُف - Page - Juz 13
﴿قَالَ بَلۡ سَوَّلَتۡ لَكُمۡ أَنفُسُكُمۡ أَمۡرٗاۖ فَصَبۡرٞ جَمِيلٌۖ عَسَى ٱللَّهُ أَن يَأۡتِيَنِي بِهِمۡ جَمِيعًاۚ إِنَّهُۥ هُوَ ٱلۡعَلِيمُ ٱلۡحَكِيمُ ﴾
[يُوسُف: 83]
﴿قال بل سولت لكم أنفسكم أمرا فصبر جميل عسى الله أن يأتيني﴾ [يُوسُف: 83]
Ba Sein ၈၃။ သူတို့သည် မိမိဖခင်ထံသို့ လာပြီးလျှင် အကျိုးအကြောင်းကို ဤသို့ပြောပြသောအခါ ဖခင်က ယင်းသို့မဖြစ်နိုင် ချေ။ သင်တို့၏ စိတ်သည် သင်တို့အား လှည့်စားချေပြီ။ အကျွနု်ပ်မှာမူကား သည်းခံခြင်းတရားကို ခိုင်မြဲစွာ ကိုင်ထားရန်သာရှိတော့သည်။ အလ္လာဟ်အရှင်မြတ်သည် ငါ့သားတို့ကို ငါ့ထံသို့ ယူဆောင်ခဲ့တော်မူကောင်း ယူဆောင်ခဲ့တော်မူလိမ့်မည်။ မှတ်သားကြလော့၊ အရှင်မြတ်သာလျှင် သိတော်မူထသောအရှင်၊ လိမ္မာတော်မူထ သောအရှင်ဖြစ်တော်မူ၏ဟု ပြန်ပြော၏။ |
Ghazi Mohammad Hashim ထို(အခါ)ဖခင်က ထိုသို့အလျှင်းမဟုတ်။ အမှန်စင်စစ်မှာမူကား အသင်တို့၏ စိတ်နှလုံးသည် အသင်တို့အဖို့အမှုကိစ္စတစ်ခုကို ကြံစည်ဖန်တီးခဲ့ ခြင်းသာဖြစ်ပေသည်။သို့ဖြစ်ပေရာ သည်းခံခြင်းသာလျှင် အကောင်းဆုံးပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးတို့အား ငါ့ထံသို့ ပြန်လည်ရောက်စေတော်မူလိမ့်မည်ဟု မျှော်လင့်ရာ၏။ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ၎င်း(ဖခင်)ကပြောသည်- ထိုသို့ မဟုတ်ပေ၊ အမှန်စင်စစ် အသင်တို့၏စိတ်နှလုံးများသည် အသင်တို့အတွက် ကိစ္စတစ်ခုအား လုပ်ကြံဖန်တီးခဲ့ခြင်းသာဖြစ်သည်။ သို့ဖြစ်ရာ (ငါ့အတွက်မှာမူ) သည်းခံခြင်းသည်ပင် အကောင်းဆုံးဖြစ်သည်။* အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို ငါ့ထံသို့ ပြန်လည် ရောက်စေတော်မူလိမ့်မည်ဟု မျှော်လင့်ရမည်ပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |