Quran with Burmese translation - Surah Ibrahim ayat 35 - إبراهِيم - Page - Juz 13
﴿وَإِذۡ قَالَ إِبۡرَٰهِيمُ رَبِّ ٱجۡعَلۡ هَٰذَا ٱلۡبَلَدَ ءَامِنٗا وَٱجۡنُبۡنِي وَبَنِيَّ أَن نَّعۡبُدَ ٱلۡأَصۡنَامَ ﴾
[إبراهِيم: 35]
﴿وإذ قال إبراهيم رب اجعل هذا البلد آمنا واجنبني وبني أن نعبد﴾ [إبراهِيم: 35]
Ba Sein ၃၅။ ထို့အပြင် တမန်တော်အေဗရာဟမ်က အို-အကျွနု်ပ်၏ ကျေးဇူးတော်သခင်၊ ဤအရပ်ဒေသကို ဘေးမဲ့ဖြစ်စေ တော်မူပါ။ အကျွနု်ပ်နှင့် အကျွနု်ပ်၏ သားမြေးအဆက်ဆက်တို့အား ဆင်းတုရုပ်ပွားကို ခဝပ်ကိုးကွယ်သည့် အယူဝါဒမှ ကာကွယ်စောင့်ရှောက်တော်မူပါ။ |
Ghazi Mohammad Hashim ၎င်းပြင်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)အီဗ်ရာဟီမ်သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ဤမြို့ကို ငြိမ်းချမ်းသာယာသော မြို့အဖြစ်ပြုလုပ်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ သားများကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့သည် ရုပ်ပွားဆင်းတုများကို မကိုးကွယ် မိကြရန် ကင်းဝေးစွာထားရှိတော်မူပါ။ |
Hashim Tin Myint ထို့ပြင် တစ်ခါက(တမန်တော်)အိဗ်ရာဟီမ်သည် ပြောဆိုလျှောက်ထားခဲ့သည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ဤမြို့အား ငြိမ်းချမ်းသာယာသောမြို့အဖြစ် ပြုလုပ်ပေးသနားတော်မူပါ။* ၎င်းနောက် အရှင်မြတ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏သား(မြေး)များကို ကျွန်ုပ်တို့သည် ရုပ်တုများအား မကိုးကွယ်မိကြရန် ဝေးစွာဖယ်ရှားထားပေးတော်မူပါ။ |