Quran with Burmese translation - Surah An-Nahl ayat 32 - النَّحل - Page - Juz 14
﴿ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلۡمَلَٰٓئِكَةُ طَيِّبِينَ يَقُولُونَ سَلَٰمٌ عَلَيۡكُمُ ٱدۡخُلُواْ ٱلۡجَنَّةَ بِمَا كُنتُمۡ تَعۡمَلُونَ ﴾
[النَّحل: 32]
﴿الذين تتوفاهم الملائكة طيبين يقولون سلام عليكم ادخلوا الجنة بما كنتم تعملون﴾ [النَّحل: 32]
Ba Sein ၃၂။ သူတော်ကောင်းဘဝတွင် မိမိတို့၏ အသက်ဝိညာဉ်များကို ကောင်းကင်တမန်တော်များ၊ နှုတ်ယူသောသူများ၊ သူတို့အား အို-သူတော်ကောင်းအပေါင်းတို့၊ အေးချမ်းသာယာမှုသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေ သော်ဝ်။ သင်တို့ပြုကျင့်သောကုသိုလ်ကောင်းမှုအဟုန်ကြောင့် နိဗ္ဗာန်ဥယျာဉ်တော်ကြီးကို ဝင်ရောက်ကြပါလော့ဟု ပြောဆိုကြ၏။ |
Ghazi Mohammad Hashim အကြင်သူ(တော်စင်)တို့အား မလာအိကဟ်ကောင်းကင်တမန်တို့သည် ၎င်းတို့၏အသက်ကို(၎င်းတို့) သန့်ရှင်းစွာရှိနေကြစဉ် နှုတ်ယူကြလေသည်။ (၎င်းပြင်) ထိုမလာအိကဟ် ကောင်းကင်တမန်များက (ထိုသူတော်စင်တို့အားအသက်နုတ်ယူစဉ်အခါ၌ (စလာမွန်အလိုက်ကွန်မ်) ငြိမ်းချမ်းမှုသည် အသင်တို့အပေါ်၌ရှိပါစေသား။ အသင်တို့သည် မိမိတို့ကျင့်မူခဲ့ကြသော(ကောင်းမှုသုစရိုက်များ)ကြောင့်ပင် ဂျန္နတ်အမတသုခဘုံသို့ ဝင်ရောက်ကြလေကုန်ဟု ပြောဆိုကြပေမည်။ |
Hashim Tin Myint အကြင်သူတို့အား ကောင်းကင်တမန်များသည် သူတို့သန့်ပြန့်စွာရှိနေစဉ် သူတို့၏အသက်များအား နှုတ်ယူကြသောအခါ*ပြောဆိုကြမည်- ငြိမ်းချမ်းသာယာမှုသည် အသင်တို့အပေါ်တွင် ကျရောက်ပါစေ၊ အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြသောအရာများကြောင့်ပင် ဂျန္နသ်သုခဘုံထဲသို့ ဝင်ရောက်ကြပါ။ |