×

ထို့နောက် (ထိုသံတမန်တို့သည် တမန်တော်) စုလိုင်မာန်ထံသို့ ရောက်လာသောအခါ သူက “အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်အား (တမန်တော်ရာထူး ဩဇာအာဏာ ဥစ္စာဓနကြွယ်ဝမှုစည်ဖြင့် 27:36 Burmese translation

Quran infoBurmeseSurah An-Naml ⮕ (27:36) ayat 36 in Burmese

27:36 Surah An-Naml ayat 36 in Burmese (البورمية)

Quran with Burmese translation - Surah An-Naml ayat 36 - النَّمل - Page - Juz 19

﴿فَلَمَّا جَآءَ سُلَيۡمَٰنَ قَالَ أَتُمِدُّونَنِ بِمَالٖ فَمَآ ءَاتَىٰنِۦَ ٱللَّهُ خَيۡرٞ مِّمَّآ ءَاتَىٰكُمۚ بَلۡ أَنتُم بِهَدِيَّتِكُمۡ تَفۡرَحُونَ ﴾
[النَّمل: 36]

ထို့နောက် (ထိုသံတမန်တို့သည် တမန်တော်) စုလိုင်မာန်ထံသို့ ရောက်လာသောအခါ သူက “အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်အား (တမန်တော်ရာထူး ဩဇာအာဏာ ဥစ္စာဓနကြွယ်ဝမှုစည်ဖြင့် အလျှံပယ်ပေးအပ်ထားတော်မူပြီး) သင်တို့ကို ချီးမြှင့်ထားတော်မူသည့်အရာများထက် အကောင်းမြတ်ဆုံးကို ချီးမြှင့်ထားပါလျက် သင်တို့က (မဖြစ်စလောက်သော) လက်ဆောင်ပစ္စည်းဖြင့် ကျွန်ုပ်ကို ထောက်ပံ့ကူညီလိုကြသလော။ အမှန်မှာ လက်ဆောင်ပဏ္ဏာဖြင့် (လောကီကို မက်မောနေသော) သင်တို့သည်သာ ပျော်ရွှင်မြူးထူးဖြစ်နိုင်၏။

❮ Previous Next ❯

ترجمة: فلما جاء سليمان قال أتمدونن بمال فما آتاني الله خير مما آتاكم, باللغة البورمية

﴿فلما جاء سليمان قال أتمدونن بمال فما آتاني الله خير مما آتاكم﴾ [النَّمل: 36]

Ba Sein
၃၆။ ထို့ကြောင့်ဘုရင်မ၏ သံတမန်များသည် စိုလိုင်မာန်ထံသို့ ရောက်သောအခါ ပြည့်ရှင်ဘုရင်က အို--အမတ်တို့၊ သင်တို့သည် အကျွန်ုပ်အား ဥစ္စာပစ္စည်းနှင့်ထောက်ပ့ံမည်ကြံကြသလော၊ သို့သော်အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်အား ပေးသနားတော်မူသောအရာတို့သည် သင်တို့အား အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသော အရာများထက် သာလွန်ကောင်းမြတ်ချေ၏၊ သို့သော်အကျွန်ုပ်မဟုတ်ပဲ သင်တို့သာလျှင် မိမိတို့၏လက်ဆောင် ပစ္စည်းကို အထင်ကြီးကြ၏။
Ghazi Mohammad Hashim
ထို့နောက် ထို(သံတမန်တို့)သည် စုလိုင်မာန်၏ထံသို့ ရောက်ရှိခဲ့လေသော် ထိုစုလိုင်မာန်က(ဤသို့)ပြောကြားခဲ့၏။အသင်တို့သည် ငါ့အား ပစ္စည်းဥစ္စာဖြင့် ကူညီလိုကြလေသလော။စင်စစ် ငါ့အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားထားတော်မူသည်များမှာ ထိုအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးသနား ထားတော်မူသည်တို့ထက်ပင် ပိုမို၍ ကောင်းမြတ်လှပေသည်။ စင်စစ်မှာကား အသင်တို့သည်ပင်လျှင် မိမိတို့၏လက်ဆောင်ပဏ္ဏာနှင့် မော်ကြွားလျက် ရှိကြပေမည်။
Hashim Tin Myint
ထို့‌နောက် ထို(သံတမန်)များသည် (တမန်‌တော်)စုလိုင်မာန်ထံသို့ ‌ရောက်သည့်အခါ သူက‌ပြောဆိုသည်- အသင်တို့သည် ငါ့အား ပစ္စည်းဥစ္စာနှင့် ကူညီချင်ကြသ‌လော။ (အမှန်စင်စစ်) ငါ့အား အလ္လာဟ်အရှင်မြတ်က ‌ပေးသနားထား‌တော်မူသည်များမှာ အရှင်မြတ်က အသင်တို့အား ‌ပေးသနားထား‌တော်မူသည်များထက် ပို‌ကောင်းသည်။ ထို့‌နောက် အမှန်စင်စစ်မှာ အသင်တို့သာ အသင်တို့၏လက်‌ဆောင်များနှင့် ‌ပျော်မြူး‌နေကြခြင်းဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek