Quran with Burmese translation - Surah al-‘Imran ayat 91 - آل عِمران - Page - Juz 3
﴿إِنَّ ٱلَّذِينَ كَفَرُواْ وَمَاتُواْ وَهُمۡ كُفَّارٞ فَلَن يُقۡبَلَ مِنۡ أَحَدِهِم مِّلۡءُ ٱلۡأَرۡضِ ذَهَبٗا وَلَوِ ٱفۡتَدَىٰ بِهِۦٓۗ أُوْلَٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٞ وَمَا لَهُم مِّن نَّٰصِرِينَ ﴾
[آل عِمران: 91]
﴿إن الذين كفروا وماتوا وهم كفار فلن يقبل من أحدهم ملء الأرض﴾ [آل عِمران: 91]
Ba Sein ၉၁။ မှတ်သားကြလော့။ အကြင်သူတို့သည် မယုံကြည်သူများဖြစ်ကြ၍ မိစ္ဆာအယူဝါဒ၌ပင် အသက်ကုန် ကြ၏။ ထိုသူတို့သည် မိမိအပြစ်လွတ်အောင် ရွှေသားပကတိကို ကမ္ဘာမြေကြီးနှင့်ချိန်စက်၍ လျော်ကြေးပေးသော်လည်း ထိုလျော်ကြေးကို လက်ခံမည်မဟုတ်ပေ။ သူတို့၏ အပြစ်ဒဏ်မှာ အလွန်ပြင်းပြနာကျင်ဘွယ်ဖြစ်လတ္တံ။ ထို့ပြင် သူတို့၌ ကူညီစောင်မသူများရှိမည်မဟုတ်ပေ။ |
Ghazi Mohammad Hashim ဧကန်မုချ အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြ၍၊ သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးကြ၏။ထိုသို့သော သူတို့အနက် တစ်ဦးဦးသည် (အပြစ်များမှချမ်းသာရရန် အလို့ငှာ) ကမ္ဘာမြေနှင့်အပြည့် ရွှေကို (စုပုံ၍)လျော်ကြေး ပေးငြားသော်လည်း (အလ္လာဟ်အရှင်မြတ်သည်)အလျင်း သဘောတူ လက်ခံတော်မူမည်မဟုတ်ပေ။ (အမှန်စင်စစ်) ယင်းသူတို့အဖို့အလွန်ပြင်းပြ နာကျင်စေသောအပြစ်ဒဏ်သာရှိ၏၊ ထို့ပြင် ယင်းသူတို့အဘို့ ကူညီမိုင်းမမည့်သူ ဟူ၍လည်းတစ်ဦးတစ်ယောက်မျှရှိလိမ့်မည်မဟုတ်ပေ။ |
Hashim Tin Myint အမှန်စင်စစ် အကြင်သူများသည် သွေဖည်ငြင်းပယ်ကြပြီး သွေဖည်ငြင်းပယ်သူများဖြစ်လျက်နှင့် သေဆုံးကြသည်၊ ထိုသူများထဲမှ တစ်စုံတစ်ဦးသည် (အပြစ်လွတ်ရန်) ကမာ္ဘမြေနှင့်အပြည့် ရွှေများကို လျော်ကြေးပေးလျှင်လည်း (အရှင်မြတ်သည်) လုံးဝ လက်ခံတော်မူမည်မဟုတ်ပေ။ သူတို့အတွက် အလွန်ပြင်းပြ နာကျင်စေသော အပြစ်ဒဏ်သာရှိသည်၊ ၎င်းပြင် သူတို့အတွက် ကူညီမည့်သူဟူ၍လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ |