×

ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံလူသားများအနက်မှ) အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအတွက် စားနပ်ရိက္ခာနှင့်အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ် ချက်များကို ချဲ့ထွင်တိုးပွားစေတော်မူပြီး အလိုရှိတော်မူသောသူအတွက် အကန့်အသတ်ဖြင့် ပေးအပ်၍ 30:37 Burmese translation

Quran infoBurmeseSurah Ar-Rum ⮕ (30:37) ayat 37 in Burmese

30:37 Surah Ar-Rum ayat 37 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Rum ayat 37 - الرُّوم - Page - Juz 21

﴿أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ ﴾
[الرُّوم: 37]

ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံလူသားများအနက်မှ) အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအတွက် စားနပ်ရိက္ခာနှင့်အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ် ချက်များကို ချဲ့ထွင်တိုးပွားစေတော်မူပြီး အလိုရှိတော်မူသောသူအတွက် အကန့်အသတ်ဖြင့် ပေးအပ်၍ ဖြောင့်မတ်စေတော်မူကြောင်း သူတို့က မတွေ့မြင် မဆင်ခြင် မသုံးသပ်ကြလေသလော။ ဧကန်မလွဲ၊ ထို (သို့ တိုးပွားစေတော်မူ ခြင်းနှင့်ကန့်သတ်စေတော်မူခြင်း) ၌ သက်ဝင်ယုံကြည်သော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေ လက္ခဏာတော်များ ရှိနေ၏။

❮ Previous Next ❯

ترجمة: أو لم يروا أن الله يبسط الرزق لمن يشاء ويقدر إن في, باللغة البورمية

﴿أو لم يروا أن الله يبسط الرزق لمن يشاء ويقدر إن في﴾ [الرُّوم: 37]

Ba Sein
၃၇။ အလ္လာဟ်အရှင်မြတ်သည် စည်းစိမ်ချမ်းသာကျယ်ဝန်းစေလိုတော်မူသောသူအား ကျယ်ဝန်းစေကြောင်း၊ စည်းစိမ် ချမ်းသာကျဉ်းမြောင်းစေလိုတော်မူသောသူအား ကျဉ်းမြောင်းစေလိုကြောင်းကို လူသားတို့မသိကြသလော၊ ဤအချင်းအရာ၌ ယုံကြည်သူတို့အဖို့အရာ နိမိတ်လက္ခဏာတော်များမုချဧကန်ပါရှိ၏။
Ghazi Mohammad Hashim
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ပြန့်စွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မမူသောသူအား ထိုစားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူသည်ကို ၎င်းတို့သည် မမြင်ခဲ့ကြလေသလော။ ဧကန်မုချ ဤသည်၌ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ (များစွာသော) သက်သေလက္ခဏာများသည် ရှိကြပေသတည်း။
Hashim Tin Myint
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား စာနပ်ရိက္ခာကို ကျယ်ဝန်းစွာ ‌ပေးသနား‌တော်မူပြီး အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား ကျပ်တည်း‌စေ‌တော်မူသည်ကို သူတို့သည် မမြင်ခဲ့ကြသ‌လော။* အမှန်စင်စစ် ထိုအထဲတွင် ယုံကြည်သူများအတွက် သက်‌သေသာဓကများရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek