Quran with Burmese translation - Surah Ar-Rum ayat 55 - الرُّوم - Page - Juz 21
﴿وَيَوۡمَ تَقُومُ ٱلسَّاعَةُ يُقۡسِمُ ٱلۡمُجۡرِمُونَ مَا لَبِثُواْ غَيۡرَ سَاعَةٖۚ كَذَٰلِكَ كَانُواْ يُؤۡفَكُونَ ﴾
[الرُّوم: 55]
﴿ويوم تقوم الساعة يقسم المجرمون ما لبثوا غير ساعة كذلك كانوا يؤفكون﴾ [الرُّوم: 55]
Ba Sein ၅၅။ အချိန်တော်ကြီးဆိုက်ရောက်လာသောနေ့၌ အပြစ်ရှိသူများက သူတို့သည် တစ်နာရီအချိန်လောက် ဆိုင်းင့ံနေခဲ့ပါ သည်ဟု ကျိန်ဆိုကြလတ့ံ၊ ထိုသို့သူတို့သည် လှည့်စားခြင်းကို အမြဲခံရကြ၏။ |
Ghazi Mohammad Hashim ၎င်းပြင်"ကိယာမတ်"ရှင်ပြန်ထမည့်နေ့၏ အချိန်အခါ ဆိုက်ရောက်လာသောနေ့တွင် ပြစ်မှုကျူးလွန်ခဲ့ကြကုန်သော သူတို့သည် မိမိတို့မှာ တစ်နာရီထက်ပို၍ နေခဲ့ကြသည်မဟုတ်ဟု(ကျိန်တွယ်၍ပြောဆို)ကြပေမည်။ ၎င်းတို့သည် ဤနည်းအတိုင်းပင်(လောကီဘဝ၌)လှည့်စားလျက် ရှိခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် ကိယာမသ်ဆိုက်ရောက်မည့်နေ့တွင် အပြစ်ကျူးလွန်ခဲ့ကြသည့်သူများက သူတို့သည် အချိန်အနည်းငယ်ထက် ပိုမနေခဲ့ကြရပေဟု ကျိန်ပြောကြမည်။ သူတို့သည် ဤသို့ပင်(လောကီတွင် လိမ်လည်ကျိန်ဆိုပြီး) လှည့်စားခံခဲ့ကြရသည်။ |