Quran with Burmese translation - Surah Adh-Dhariyat ayat 39 - الذَّاريَات - Page - Juz 27
﴿فَتَوَلَّىٰ بِرُكۡنِهِۦ وَقَالَ سَٰحِرٌ أَوۡ مَجۡنُونٞ ﴾
[الذَّاريَات: 39]
﴿فتولى بركنه وقال ساحر أو مجنون﴾ [الذَّاريَات: 39]
Ba Sein ၃၉။ သို့သော် ဖွာရောဘုရင်သည် မာန်စောင်ပလွှား မိမိစွမ်းအားကို ယုံကြည်ကိုးစား၍ တမန်တော်ကို ငြင်းဆန်ပြီးလျှင် ပယောဂဆရာ(သို့မဟုတ်) ရူးသွပ်သောသူဟု ပုတ်ခတ်စွပ်စွဲ၏။ |
Ghazi Mohammad Hashim သို့ရာတွင် ‘ဖစ်ရ်အောင်န်’မှာ မိမိစွမ်းအင်ကိုအားကိုး၍ မျက်နှာလွှဲခဲ့၏။ (မိမိ၏အခြွေအရံ အသင်း အပင်းများနှင့်အတူ သွေဖည် ကျောခိုင်းသွားခဲ့၏။) ထို့ပြင် ၎င်းကတမန်တော်(မူစာအား) ပဉ္စလက်ဆရာ သို့မဟုတ် ရူးသွပ်သူဖြစ်သည်ဟူ၍ ပြောဆိုခဲ့လေ၏။ |
Hashim Tin Myint သို့ရာတွင် သူသည် သူ၏အင်အားကို အားကိုးပြီး မျက်နှာလွှဲခဲ့သည်။ ထို့ပြင် သူက(တမန်တော် မူစာ ကို) မှော်ဆရာဟုပြောလိုက်၊ အရူးဟုပြောလိုက် (အမျိုးမျိုး)ပြောဆိုခဲ့သည်။ |