Quran with Burmese translation - Surah Al-hajj ayat 1 - الحج - Page - Juz 17
﴿يَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمۡۚ إِنَّ زَلۡزَلَةَ ٱلسَّاعَةِ شَيۡءٌ عَظِيمٞ ﴾ 
[الحج: 1]
﴿ياأيها الناس اتقوا ربكم إن زلزلة الساعة شيء عظيم﴾ [الحج: 1]
| Ba Sein ၁။ အို--လူသားအပေါင်းတို့၊ သင်တို့၏အရှင်သခင်အား ကြောက်ရွံ့ရိုကျိုးကြလော့၊ မှတ်သားကြလော့၊ အချိန် တော်ကြီး၏ ငလျင်တုန်လှုပ်ခြင်းသည် အလွန်ကြီးကျယ်ကြောက်မက်ဖွယ်ကောင်း၏။ | 
| Ghazi Mohammad Hashim အို-လူခပ်သိမ်းတို့၊ အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေကုန်။ ဧကန်စင်စစ် ကိယာမတ်၏ မြေငလျင်လှုပ်ခြင်းသည် အကြီးအကျယ် ကြောက်မက်ဖွယ် ကိစ္စတစ်ရပ်ပင်ဖြစ်ချေသည်။ | 
| Hashim Tin Myint အို- လူသားအပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် ကိယာမသ်၏မြေငလျင်လှုပ်ခြင်းသည် အကြီးအကျယ် ကြောက်မက်ဖွယ်ရာ ကိစ္စတစ်ခုဖြစ်သည်။ |