Quran with Burmese translation - Surah Ya-Sin ayat 44 - يسٓ - Page - Juz 23
﴿إِلَّا رَحۡمَةٗ مِّنَّا وَمَتَٰعًا إِلَىٰ حِينٖ ﴾
[يسٓ: 44]
﴿إلا رحمة منا ومتاعا إلى حين﴾ [يسٓ: 44]
Ba Sein ၄၃၊၄၄။ အကယ်၍ငါသည် အလိုတော်ရှိက သူတို့ကို ရေတွင် နစ်မြုပ်နစ်မွန်းစေနိုင်၏၊ ထိုအခါသူတို့၏ မြည်တမ်းငိုကြွေး ခြင်းကို ကြားမည့်သူ၊ သူတို့ကို ကယ်ဆယ်စောင်မမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှရှိမည်မဟုတ်ချေ၊ ငါ၏ ဂရုဏာတော်မှတပါး သူတို့ကို မည်သူမျှ ဤရေဘေးမှ မကယ်နှုတ်နိုင်ချေ၊ သူတို့အား သတ်မှတ်ပိုင်းခြားထား တော်မူသောရက်တိုင်အောင် လောကီစည်းစိမ်ကို ခံစားစေတော်မူ၏။ |
Ghazi Mohammad Hashim (စင်စစ်) ငါအရှင်မြတ်သည် မိမိကရုဏာတော်အားဖြင့်လည်းကောင်း၊ သတ်မှတ်ပြီးဖြစ်သောအချိန် ကာလတိုင်အောင် အကျိုးခံစားစေခြင်းအားဖြင့်လည်းကောင်း၊ (ကယ်တင်ထားတော်မူခြင်းသာလျှင်) ဖြစ်ပေသတည်း။ (တစ်နည်း)သို့ရာတွင် (ဤသည်)ငါအရှင်မြတ်၏ ကရုဏာတော်ပင်ဖြစ်၏။ ထိုမှတစ်ပါး (၎င်းတို့အား) သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် အကျိုးခံစားစေခြင်းလည်းဖြစ်ပေသတည်း။ |
Hashim Tin Myint သို့ရာတွင် (၎င်းသည်) ငါအရှင်မြတ်၏ကရုဏာပင်ဖြစ်သည်။ ထို့ပြင် သတ်မှတ်ပြီးသော အချိန်ကာလထိ (သူတို့အား) အကျိုးခံစားစေခြင်းလည်း ဖြစ်သည်။ |