Quran with Burmese translation - Surah Al-A‘raf ayat 50 - الأعرَاف - Page - Juz 8
﴿وَنَادَىٰٓ أَصۡحَٰبُ ٱلنَّارِ أَصۡحَٰبَ ٱلۡجَنَّةِ أَنۡ أَفِيضُواْ عَلَيۡنَا مِنَ ٱلۡمَآءِ أَوۡ مِمَّا رَزَقَكُمُ ٱللَّهُۚ قَالُوٓاْ إِنَّ ٱللَّهَ حَرَّمَهُمَا عَلَى ٱلۡكَٰفِرِينَ ﴾
[الأعرَاف: 50]
﴿ونادى أصحاب النار أصحاب الجنة أن أفيضوا علينا من الماء أو مما﴾ [الأعرَاف: 50]
Ba Sein ၅ဝ။ ငရဲသားတို့သည် ဂျန္နတ်သုခဘုံသားတို့အား ဟယ်-အချင်းတို့ အကျွနု်ပ်တို့အပေါ်သို့ ရေအချို့ လောင်းချကြပါ။ သို့မဟုတ် အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ပေးသနားတော်မူသော ရိက္ခာကို ပစ်ချပေးကြပါဟု အော်၍ တောင်းကြ၏။ ဂျန္နတ်သုခဘုံသားတို့က ဟယ်-ငရဲသားတို့ အလ္လာဟ် အသျှင်မြတ်သည် သင်တို့တောင်းသော အရာနှစ်ခုလုံးကို မိစ္ဆာဒိဌိတို့အဖို့မဟုတ်ဟု ပညတ်ထား တော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ငရဲသားတို့သည် ဂျန္နတ် အမတသုခဘုံသားတို့အား အသင်တို့သည် ကျွန်ုပ်တို့အပေါ် ရေအနည်းငယ်မျှကိုသော်လည်းကောင်း၊ အလ္လာဟ် အရှင်မြတ်ကအသင်တို့အား ချီးမြှင့်ပေးသနား တော်မူသောစားသောက်ဖွယ်အချို့ကိုသော်လည်းကောင်း၊ ပေးသနားကြပါ ဟု ဟစ်အော်တောင်းခံကြလတ္တံ့။ ထိုအခါ ယင်း(ဂျန္နတ်အမတသုခဘုံသား)တို့က ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ထို (ရေနှင့်စားသောက်ဖွယ်) နှစ်ခုလုံးကိုပင် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သူတို့အပေါ် ဟရာမ် ဟူ၍ တားမြစ်ထားတော်မူသည်ဟု ဖြေကြားကြကုန်အံ့။ |
Hashim Tin Myint ၎င်းပြင် ငရဲသားများသည် သုခဘုံသားများအား အော်ဟစ်ပြီး တောင်းခံကြမည်- “အသင်တို့သည် ရေအနည်းငယ်မျှ သို့မဟုတ် အလ္လာဟ်အရှင်မြတ်က အသင်တို့အား ပေးတော်မူထားသောစားစရာများထဲမှ အချို့ကို ကျွန်ုပ်တို့အား ပေးသနားကြပါ။“ သူတို့(သုခဘုံသားများ)က ပြောဆိုဖြေကြားကြမည်- “အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုနှစ်ခုလုံးအား ကာဖိရ်ငြင်းပယ်သူများအပေါ်၌ ဟရာမ်ဟု တားမြစ်ထားတော်မူသည်။“ |