القرآن باللغة البورمية - سورة الكافرون مترجمة إلى اللغة البورمية، Surah Kafirun in Burmese. نوفر ترجمة دقيقة سورة الكافرون باللغة البورمية - Burmese, الآيات 6 - رقم السورة 109 - الصفحة 603.
قُلْ يَا أَيُّهَا الْكَافِرُونَ (1) (အို၊ ရစူလ်တမန်တော်၊ ခေါင်းမာမာဖြင့် အမှန်တရားသစ္စာကို ငြင်းပယ်နေသူတို့အား) “အို၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) အပေါင်းတို့။“ဟု ဟောလော့။ |
لَا أَعْبُدُ مَا تَعْبُدُونَ (2) ကျွန်ုပ်သည် အသင်တို့ အယူထား ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို မကိုးကွယ်ချေ။ |
وَلَا أَنتُمْ عَابِدُونَ مَا أَعْبُدُ (3) ထို့ပြင် သင်တို့သည်လည်း ကျွန်ုပ်က ယုံကြည်ကိုးကွယ်လျက်ရှိသည်ကို မကိုးကွယ်ကြချေ။ |
وَلَا أَنَا عَابِدٌ مَّا عَبَدتُّمْ (4) ထို့ပြင် ကျွန်ုပ်သည် အသင်တို့က အယူထား ကိုးကွယ်နေကြသော ကိုးကွယ်ရာများကို ကိုးကွယ်မည့်သူ မဟုတ်ပေ။ |
وَلَا أَنتُمْ عَابِدُونَ مَا أَعْبُدُ (5) ထိုနည်းတူစွာ သင်တို့သည်လည်း ကျွန်ုပ်က ယုံကြည်ကိုးကွယ်နေသည်ကို နာခံကိုးကွယ်ကြမည့်သူများ မဟုတ်ပေ။ |
لَكُمْ دِينُكُمْ وَلِيَ دِينِ (6) (စင်စစ်မှာကား) သင်တို့အတွက် သင်တို့၏ဘာသာသာသနာဆိုင်ရာလမ်းစဉ်ရှိပြီး ကျွန်ုပ်အတွက်လည်း ကျွန်ုပ်၏ဒီန် (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်း စဉ်) ရှိနေ၏။ |