القرآن باللغة البورمية - سورة الفيل مترجمة إلى اللغة البورمية، Surah Al Fil in Burmese. نوفر ترجمة دقيقة سورة الفيل باللغة البورمية - Burmese, الآيات 5 - رقم السورة 105 - الصفحة 601.
أَلَمْ تَرَ كَيْفَ فَعَلَ رَبُّكَ بِأَصْحَابِ الْفِيلِ (1) (အို၊ ရစူလ်တမန်တော်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဆင်များအပေါင်းအဖော် (ဆင်တပ်) နှင့်စပ်လျဉ်း၍ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းတော်မူခဲ့သည်ကို အသင်သည် မတွေ့မြင် မဆင်ခြင် မသုံးသပ်ခဲ့လေသလော။ |
أَلَمْ يَجْعَلْ كَيْدَهُمْ فِي تَضْلِيلٍ (2) ထိုအရှင်မြတ်သည် သူတို့၏အပျက်သဘောဆောင်သောကြံစည်မှုကို လမ်းကြောင်းလွဲစေတော်မူလျက် (အချည်းနှီးဖြစ်အောင်) ပျက်ပြားစေတော်မူခဲ့သည် မဟုတ်လော။ |
وَأَرْسَلَ عَلَيْهِمْ طَيْرًا أَبَابِيلَ (3) ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အပေါ်၌ (ဒေသခံများ တခါမှ မတွေ့ဖူး မမြင်ဖူးခဲ့သော) ငှက်များကို အအုပ်အသင်းလိုက် စေလွှတ်တော်မူခဲ့သည် မဟုတ်လော။ |
تَرْمِيهِم بِحِجَارَةٍ مِّن سِجِّيلٍ (4) (ထိုငှက်များသည်) သူတို့အား (အရှင့်အမိန့်တော်အရ ကျည်ဆံပမာ) မာတောင့်သည့်ရွှံ့စေးမှ (ပြုလုပ် ထားသော) ကျောက်ခဲများ ပစ်ချ၍ ထိခိုက်စေခဲ့ကြ၏။ |
فَجَعَلَهُمْ كَعَصْفٍ مَّأْكُولٍ (5) ထိုသို့ဖြင့် ထိုအရှင်မြတ်သည် သူတို့အား ဝါးမျို၍ နင်းခြေထားသော ကောက်ရိုးဖတ်များကဲ့သို့ ဖြစ်စေ တော်မူခဲ့၏။ |