| عَبَسَ وَتَوَلَّىٰ (1) (မောက်မာသော မယုံကြည်သူတစ်ဦဖြစ်သည့်) သူသည် မျက်မှောင်ကြုတ်၍ မျက်နှာလွှဲလျက် ကျောခိုင်းခဲ့လေ၏။
 | 
| أَن جَاءَهُ الْأَعْمَىٰ (2) (အကြောင်းမှာ သူသည် တမန်တော်မြတ်နှင့်စကားပြောနေခဲ့စဉ်) မျက်မမြင်တစ်ဦးသည် တမန်တော်မြတ်ထံသို့ ချဉ်းကပ်ဝင်ရောက်လာခဲ့သောကြောင့် ဖြစ်၏။
 | 
| وَمَا يُدْرِيكَ لَعَلَّهُ يَزَّكَّىٰ (3) (အို၊ မောက်မာသောသူ) ယင်းမျက်မမြင်သည် (သူ၏ကောင်းမှုကုသိုလ်များဖြင့် သူ့ကိုယ်သူ) စင်ကြယ်သန့်ရှင်းသူဖြစ်နိုင်ကြောင်းကို အသင့်အား မည်သည်က အကြောင်းကြား သိစေလိမ့်မည်နည်း။
 | 
| أَوْ يَذَّكَّرُ فَتَنفَعَهُ الذِّكْرَىٰ (4) သို့တည်းမဟုတ် ထိုသူသည် (အရှင်မြတ်၏သတင်းစကားတော်များမှ) တရားရသွားနိုင်သည်ဖြစ်ရာ (ဆုံးမသြဝါဒများနှင့်သတိပေးတရားပါဝင်သော) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သည့် ကျမ်းတော်မြတ် ကုရ်အာန်) သည် ထိုသူအား အကျိုးပြုစေနိုင်၏။
 | 
| أَمَّا مَنِ اسْتَغْنَىٰ (5) မည်သို့ပင်ဖြစ်စေ (သူ၏ဥစ္စာဓနကြွယ်ဝမှုနှင့်အဆင့်အတန်းကြောင့် ဘဝင်မြင့် မာနတက်လျက် အရှင်မြတ်၏လမ်းညွှန်တော် လိုအပ်မည်မဟုတ်ဟု ယူဆကာ) သူ့ကိုယ်သူ လွတ်လပ်၍ အမှီအခိုကင်းလျက် ကုံလုံပြည့်စုံသူအဖြစ် မှတ်ယူသူအတွက်မူကား (အလေးမထားစရာ ဖြစ်နိုင်၏။)
 | 
| فَأَنتَ لَهُ تَصَدَّىٰ (6) သို့ရာတွင် (အို၊ ရစူလ်တမန်တော်) အသင်သည် (သူက အစ္စလာမ်လက်ခံပြီး ပြုပြင်သူတစ်ဦး ဖြစ်လာနိုင်သောကြောင့်) ထိုသူအား ဂရုတစိုက်အာရုံစိုက်လျက် အလေးထား (ဆက်ဆံ) ခဲ့၏။
 | 
| وَمَا عَلَيْكَ أَلَّا يَزَّكَّىٰ (7) စင်စစ်သော်ကား ထိုသူသည် (သက်ဝင်ယုံကြည်၍ မဖြစ်မနေ ပြုကျင့်ရသည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဖြည့်ဆည်း၍) မစင်ကြယ်သည့်တိုင်အောင် အသင့်အပေါ်၌ တာဝန် မရှိချေ။
 | 
| وَأَمَّا مَن جَاءَكَ يَسْعَىٰ (8) သို့ရာတွင် အသင့်ထံသို့ တက်ကြွထက်သန်စွာ အပြေးအလွှား ရောက်ရှိလာသော သူသည်ကား (အရှင်မြတ်နှင့်ပတ်သက်သည့် အသိပညာအတွက်) ရုန်းကန်ကြိုးပမ်းခြင်း ဖြစ်၏။
 | 
| وَهُوَ يَخْشَىٰ (9) ထို့ပြင် ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသူလည်း ဖြစ်၏။
 | 
| فَأَنتَ عَنْهُ تَلَهَّىٰ (10) သို့ပါလျက် အသင်သည် ထိုသူအား သတိမထားဘဲ (အခြားသူတို့ဘက်သို့) အားရုံပြောင်းခဲ့၏။
 | 
| كَلَّا إِنَّهَا تَذْكِرَةٌ (11) (အို၊ ရစူလ်တမန်တော်၊ အသင်သည် ထိုသို့) မပြုမိစေနှင့်။ ဧကန်ပင်၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် (ရင်ဖွင့်လျက် ရောက်လာကြသူအားလုံးအတွက် လုံလောက်သော) ဆုံးမသြဝါဒများနှင့်သတိပေး တရားပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ ပင်ဖြစ်၏။
 | 
| فَمَن شَاءَ ذَكَرَهُ (12) သို့ဖြစ်ပေရာ မည်သူမဆို လိုအင်ဆန္ဒရှိလျှင် ယင်းကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်၏။
 | 
| فِي صُحُفٍ مُّكَرَّمَةٍ (13) (ယင်း သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာသည်) ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော စာရွက် (သားရေလိပ်၊ စက္ကူလိပ်) များပေါ်၌ (ရေးသားပြီး) ဖြစ်၏။
 | 
| مَّرْفُوعَةٍ مُّطَهَّرَةٍ (14) (ယင်းစာရွက်များသည် အရှင်မြတ်၏အမြင်တော်၌) မြင့်မြတ်စေတော်မူသည့်အရာ (အနစ်သာရ ကင်းမဲ့မှု၊ ရှေ့နောက်မညီညွတ်မှု၊ မသမာမှု စသည်တို့မှ) စင်ကြယ်သန့်ရှင်းစေတော်မူသည့်အရာပင် ဖြစ်၏။
 | 
| بِأَيْدِي سَفَرَةٍ (15) (ယင်းကို ရေးသား၍ ဖြန့်ဖြူးစေရန်) ကောင်းကင်စေတမန်တို့၏လက် (စွမ်းအား) ဖြင့် သယ်ဆောင်လာခြင်း ဖြစ်၏။
 | 
| كِرَامٍ بَرَرَةٍ (16) (ယင်းကောင်းကင်စေတမန်များသည်) ထူးကဲမြင့်မြတ်ကြသော၊ သီလကောင်းများဖြင့်စင်ကြယ်သောသူများ ဖြစ်ကြ၏။
 | 
| قُتِلَ الْإِنسَانُ مَا أَكْفَرَهُ (17) မနူဿလူသားသည် (သူ့ကိုယ်သူ) ပျက်စီးစေ၏။ (အကြောင်းရင်းမှာ) သူသည် အဘယ်မျှလောက် ကျေးဇူးကန်းသော မယုံကြည်သူ ဖြစ်နေသနည်း။
 | 
| مِنْ أَيِّ شَيْءٍ خَلَقَهُ (18) ထိုအရှင်မြတ်သည် လူသားအား မည်သည့်အရာမှ ဖွဲ့စည်းဖြစ်တည်စေတော်မူသနည်း။ (“ဟူသည်ကို စဉ်းစားဆင်ခြင်သုံးသပ်သင့်၏။)
 | 
| مِن نُّطْفَةٍ خَلَقَهُ فَقَدَّرَهُ (19) ထိုအရှင်မြတ်သည် လူသားအား ကလလရေကြည် တစ်စက်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး တစ်ဖန် သူ့အား (သူ၏ရုပ်ရည်၊ ပုံပန်းသဏ္ဍာန်နှင့်အသက်ဝိဉာဉ်တို့ကို အချိုးအဆ လိုက်ဖက်သင့်တော်အောင်) တိုင်းတာ သတ်မှတ်၍ ဟန်ချက်ညီစွာ ပုံဖော်စေတော်မူ၏။
 | 
| ثُمَّ السَّبِيلَ يَسَّرَهُ (20) ထို့နောက် ထိုအရှင်မြတ်သည် သူ့အတွက် (အရှင့်ဘက် ဦးတည်နိုင်သည့်) လမ်းစဉ်ကို လွယ်ကူစေတော်မူ၏။
 | 
| ثُمَّ أَمَاتَهُ فَأَقْبَرَهُ (21) ထို့နောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် သူ့အား (အရှင့်နိယာမတော်နှင့်အညီ) ကွယ်လွန်သေဆုံးစေတော်မူပြီး သူ့ကို သင်္ချိုင်းတွင်းသို့ မြှုပ်နှံစေတော်မူ၏။
 | 
| ثُمَّ إِذَا شَاءَ أَنشَرَهُ (22) ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ အလိုရှိတော်မူသောအခါ သူ့အား ရှင်ပြန်ထစေတော်မူမည်။
 | 
| كَلَّا لَمَّا يَقْضِ مَا أَمَرَهُ (23) သို့ဖြစ်သည့်တိုင် လူသားသည် အလျှင်း ကျေးဇူးမသိတတ်ပေ။ လူသားသည် သူ့အား ထိုအရှင်မြတ်က အမိန့်ပေးတော်မူသည်များကို ကျေပွန်အောင်ဆောင်ရွက်ခဲ့ခြင်း အလျှင်း မရှိချေ။
 | 
| فَلْيَنظُرِ الْإِنسَانُ إِلَىٰ طَعَامِهِ (24) သို့ဖြစ်ပေရာ လူသားသည် (အရှင်မြတ်၏ကရုဏာတော်နှင့်ရှင်ပြန်ထရမည့် အမှန်တရားအပေါ် အလေးအနက် ဆင်ခြင်သုံးသပ်နိုင်ရန်) သူ၏အစားအသောက်ကို စူးစမ်းလေ့လာဆင်ခြင်သုံးသပ်သင့်၏။
 | 
| أَنَّا صَبَبْنَا الْمَاءَ صَبًّا (25) ဧကန်မလွဲ၊ ငါအရှင်မြတ်သည် မိုးရေကို (လူသားတို့၏လိုအပ်နှင့်အညီ) အလျှံပယ် ရွာသွန်းစေတော်မူ၏။
 | 
| ثُمَّ شَقَقْنَا الْأَرْضَ شَقًّا (26) ထိုနောက် ငါအရှင်မြတ်သည် မြေကမ္ဘာကို (အပင်မျိုးစုံ စိုက်ပျိုးဖြစ်ထွန်းစေရန်) အက်ကွဲစေတော်မူ၏။
 | 
| فَأَنبَتْنَا فِيهَا حَبًّا (27) ထိုသို့ဖြင့် ငါအရှင်မြတ်သည် ယင်း (မြေကမ္ဘာ) ၌ ကောက်ပဲသီးနှံမျိုးစုံကို ပေါက်ရောက် ဖြစ်ထွန်း စေတော်မူ၏။
 | 
| وَعِنَبًا وَقَضْبًا (28) စပျစ်ပင်ကိုလည်းကောင်း၊ စားသုံးရန်သင့်လျော် စိမ်းစိုသည့်ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်းကောင်း၊ (ဖြစ်ထွန်းစေတော်မူ၏။)
 | 
| وَزَيْتُونًا وَنَخْلًا (29) သံလွင်ပင်ကိုလည်းကောင်း၊ စွန်ပလွံပင်ကို လည်းကောင်း၊ (ဖြစ်ထွန်းစေတော်မူ၏။)
 | 
| وَحَدَائِقَ غُلْبًا (30) (စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းပင်များ) အထူထူ အထပ်ထပ်ရှိသည့် ဥယျာဉ်များကိုလည်း (ဖြစ်ထွန်း စေတော်မူ၏။)
 | 
| وَفَاكِهَةً وَأَبًّا (31) သစ်သီးဝလံအမျိုးမျိုးနှင့် (ကျွဲ၊ နွားအစရှိသော တိရစ္ဆာန်များအတွက် စားကျက်ဖြစ်စေသည့်) မြက်ပင် အမျိုးမျိုးကိုလည်း (ပေါက်ရောက်စေတော်မူ၏)။
 | 
| مَّتَاعًا لَّكُمْ وَلِأَنْعَامِكُمْ (32) (ထိုသို့ဖြစ်ထွန်းစေတော်မူခြင်းသည်) သင်တို့အတွက် လောကီအကျိုးခံစားခွင့်များ၊ (အခွင့်အရေးများနှင့်အသက်မွေးမှုများဖြင့်) အသက်ရှင်ရပ်တည်နိုင်ရန်လည်းကောင်း၊ သင်တို့၏တိရစ္ဆာန်များအတွက် (လိုအပ်ချက်များ ဖြည့်ဆည်းစေတော်မူရန်) လည်းကောင်း၊ ဖြစ်၏။
 | 
| فَإِذَا جَاءَتِ الصَّاخَّةُ (33) သို့ဖြစ်ပေရာ (ရှင်ပြန်ထမည့်နေ့၏ ရှေ့ပြေးအဖြစ် နားပင်းစေလောက်အောင်) စူးစူးရှရှအော်သံ (ပေါက်ကွဲသံ) သည် ထွက်ပေါ်လာသောအခါ။
 | 
| يَوْمَ يَفِرُّ الْمَرْءُ مِنْ أَخِيهِ (34) ထိုနေ့တွင် လူသားသည် သူ့ညီနောင်များမှ ထွက်ပြေးတိမ်းရှောင် လိမ့်မည်။
 | 
| وَأُمِّهِ وَأَبِيهِ (35) သူ့မိခင်ထံမှလည်းကောင်း၊ သူ့ဖခင်ထံမှလည်းကောင်း။
 | 
| وَصَاحِبَتِهِ وَبَنِيهِ (36) သူ၏ဘဝဖော်အမျိုးသမီးများနှင့်သားသမီးရတနာများမှ လည်းကောင်း။
 | 
| لِكُلِّ امْرِئٍ مِّنْهُمْ يَوْمَئِذٍ شَأْنٌ يُغْنِيهِ (37) ထိုနေ့တွင်ကား လူတိုင်းအတွက် သူတို့အနက်မှ (မည်သူတစ်ဦးတစ်ယောက်ကိုမျှ) ဂရုမစိုက်နိုင်ဘဲ သူ့အရေးကိစ္စသည်သာ သူ့ကို အလုပ်ရှုပ်လုံးပန်းစေရန် လုံလောက်လိမ့်မည် ဖြစ်၏။
 | 
| وُجُوهٌ يَوْمَئِذٍ مُّسْفِرَةٌ (38) ထိုနေ့တွင် မျက်နှာအချို့သည် ဝမ်းမြောက်ပျော်ရွှင်မှုကြောင့် လင်းဝင်းတောက်ပလျက် ရှိကြပေမည်။
 | 
| ضَاحِكَةٌ مُّسْتَبْشِرَةٌ (39) မင်္ဂလာသတင်းကောင်းရလျက် ပျော်ရွှင်မြူးထူး၍ ရယ်မောရွှင်ပြလျက် (ရှိကြပေမည်)။
 | 
| وَوُجُوهٌ يَوْمَئِذٍ عَلَيْهَا غَبَرَةٌ (40) ထို့ပြင် ထိုနေ့တွင် မျက်နှာအချို့သည် ယင်း (မျက်နှာများ) ပေါ်၌မူကား မြေမှုန့်များ ပေကျံဖုံးလွှမ်းလျက် ရှိနေကြမည်။
 | 
| تَرْهَقُهَا قَتَرَةٌ (41) ထိုမျက်နှာများအပေါ်၌ အမှောင်သည်လည်း ဖုံးလွှမ်းလျက်ရှိကြမည်။
 | 
| أُولَٰئِكَ هُمُ الْكَفَرَةُ الْفَجَرَةُ (42) ထိုသူတို့သည်သာလျှင် အရှက်မဲ့စွာဖြင့် လောကီအပျော်အပါး၌ မွေ့လျော်ခဲ့ကြသော မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) များပင် ဖြစ်ကြ၏။
 |